ဆရာဝန် - ဘာဖြစ်လို့လဲ အန်တီ
လူနာ - အားနည်းပြီး လဲကျချင်သလိုဖြစ်နေလို့
အကြောဆေးလာထိုးတာ
ဆရာဝန် - အားနည်းပြီးလဲကျချင်တယ်ဆိုတာ
ဘာကိုပြောချင်တာလဲ အန်တီ
လူနာ - ဪ ဆရာရယ်…ခေါင်းထဲမှာမူးနောက်နောက်လိုဖြစ်နေတာလေ(စိတ်မရှည်တဲ့လေသံဖြင့်)
ဆရာဝန် - ဒါဆို သွေးပေါင်အရင်ချိန်ကြည့်မှပေါ့။
ခေါင်းမူးစေတဲ့အကြောင်းအရင်းတွေက
အများကြီးရှိတယ်အကြောဆေးထိုးလိုက်တာက မှန်ကန်တဲ့ကုသမှုတော့မဟုတ်ဘူး
လူနာ - အရင်ကလည်းထိုးနေကျပါဆရာရယ်…ခုကတစ်လတစ်ခါအိမ်မှာလာထိုးပေးနေကျ ဆရာကြီးက
ဆရာဝန် - ကျွန်တော်ဆေးထိုးလိုက်လို့ရပေမဲ့
အန်တီဘာဖြစ်နေတယ်ဆိုတာကို
သေချာကုသပေးခွင့်ရလိုက် မှာမဟုတ်ဘူး တခြားသွေးတိုး ဆီးချိုရောဂါအခံတွေရှိလား
လူနာ - သွေးကတော့ တခါတလေတိုးတယ်
အဲ့အချိန်ကျ ဆေးသောက်လိုက်ရင်သက်သာသွားတာပဲ။ ဆီးချို
ကတော့ တစ်ခါမှမစစ်ဖူးဘူး
ဆရာဝန် - ဒါဆိုလိုအပ်တဲ့
ဆေးစစ်မှုတွေလုပ်ပြီးရင် ဆေးထိုးဖို့လိုမလို ကျွန်တော်ပြောမယ်လေ
လူနာ - ဆေးသာထိုးပေးပါ
ဆရာရယ်…ကျွန်မဆရာကြီးဆိုသူဆေးထိုးပေးလိုက်ရင် လူကပူနွေးသွားတာပဲ
ပြီးရင်လူက လန်းသွားတာပဲ။
ကျွန်မကတော့ အကြောဆေးပဲထိုးချင်တယ်။ ဆေးစစ်လိုက်လို့
ရောဂါတွေပေါ်လာမှ စိတ်ညစ်နေရအုံးမယ်…..
ဆရာဝန်ဖြစ်လာြပီဆိုရင် ဒီလိုပြဿနာတွေကြုံရတာ
မဆန်းဘူး။ ထူးဆန်းတာက လူနာတွေရဲ့ ခံယူချက်နဲ့ အဲ့ဒီအားနည်းချက်ကို အခွင့်ကောင်းယူပြီးဆေးထိုးစားနေတဲ့
ဆေးဆရာအမည်ခံ ရမ်းကု အပ်ပုန်း
တွေ။
လူနာတစ်ယောက်ဆေးခန်းလာပြရင် ဘယ်ဆရာဝန်ကမှ တန်းပြီးဆေးထိုးမယ်မလုပ်ဘူး(ဆရာဝန်
အစစ်ဆိုရင်ပေါ့)။ လိုအပ်တာတွေကို
မေးမယ် စမ်းသပ်မယ်။ နောက်ဆုံးလိုအပ်တဲ့ ကုသမှုကို လူနာအခြေ
အနေပေါ်မူတည်ပြီး
ပေးမယ်။ ဒါကမှန်ကန်တဲ့ ဆေးကုသမှုလို့ပြောလို့ရတယ်။
ဒါပေမဲ့ ရမ်းကုအပ်ပုန်းတွေကျတော့ လူနာအလိုကိုလိုက်ပြီး
ဆေးထိုးမယ်။ အဓိကပိုက်ဆံရဖို့ပဲ
ဖြစ်လာမဲ့နောက်ဆက်တွဲ
ကောင်းကျိုးဆိုးကျိုးတွေကိုကြည့်တာထက် လတ်တလောသက်သာဖို့ လူနာ
အကြိုက်တွေ့သွားဖို့ကိုပဲကြည့်တယ်။
ဆိုတော့ သင်ဆေးခန်းသွားပြလို့
ဆရာဝန်ကမေးခွန်းတွေအများကြီးမေးနေတယ်ဆိုရင် မငြိုငြင်နဲ့
သင့်အကျိုးအတွက်မေးနေတာပါ။
စကားမပြောပဲဆေးကုတဲ့ ဆရာဝန်ဆိုတာကမ္ဘာပေါ်မှာမရှိပါဘူး။
ဒီတော့
သင်ကိုယ်တိုင်ကလည်း ဒါဟာ ဆရာဝန်လား ရမ်းကုလားဆိုတာကိုခွဲခြားနိုင်ဖို့လိုပါသေးတယ်။
တကယ့်ဆရာဝန်စစ်စစ်ဆိုတာ
၁. သင့်ကိုလိုအပ်တဲ့မေးခွန်းတွေ
မေးလိမ့်မယ်
၂. လိုအပ်တဲ့ စမ်းသပ်မှုတွေ
သွေးစစ်တာတွေလုပ်လိမ့်မယ်
၃. သင်နဲ့ အသင့်တော်ဆုံး
ကုသမှုကို ရွေးချယ်ပေးလိမ့်မယ်(တစ်ခါတစ်လေ သင့်ကိုလည်းရွေးချယ်ခိုင်းတတ်ပါတယ်)
၄. ရောဂါ(သို့) ကုသမှုရဲ့ နောက်ဆက်တွဲရလဒ်တွေကိုလည်း ရှင်းပြပေးလိမ့်မယ်(တချို့ဆရာဝန်များက သင့်ကိုရှင်းပြဖို့အချိန်ရမှာမဟုတ်ဘူး။ ဒီအကြောင်းကိုနောက်ခေါင်းစဥ်
တစ်ခုမှာဆက်ရေးမယ်)
![]() |
| Resource: Google |
ဒီလိုမှမဟုတ်ပဲ တစ်ခါလာလည်းဆေးထိုး
နှစ်ခါလာလည်းဆေးထိုး ဘာတာဝန်ယူမှုမှမရှိပဲ
ဆေးထိုးစားနေတယ်ဆိုရင်တော့
ဒီလူကိုဝေးဝေးကရှောင်သင့်ပါပြီ။ ဘာြဖစ်လို့လဲဆိုတော့ တကယ်
နစ်နာမဲ့သူက
သင်ကိုယ်တိုင်ဖြစ်နေလို့ပါပဲ။
ဒီလိုမျိုး
အတုအယောင်တွေကို ရှောင်ရှားနိုင်ဖို့
၁. သင်ကိုယ်တိုင်က ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတရှိထားရမယ်
၂. သူတစ်ပါးကိုအယုံလွယ်လို့မရဘူး
၃. ဒီလိုမျိုး ရမ်းကုအပ်ပုန်းတွေကို
တွေ့ပြီဆိုရင် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများကို တိုင်ကြားပြီး
အရေးယူခိုင်းရပါမယ်
![]() |
| photo : Google |
- အားလုံးပဲ ကံကောင်းပြီးဉာဏ်ရှိတဲ့
နိုင်ငံသူနိုင်ငံသားများဖြစ်ကြပါစေ။
*ဒီပို့စ်ဟာ သင်ကိုယ်တိုင်အပြင် သင်နဲ့သက်ဆိုင်သူများအတွက် အကျိုးရှိတယ်ဆိုရင်
လွတ်လပ်စွာမျှဝေလိုက်ပါ*


No comments:
Post a Comment