နီးစပ်ရာ ဆေးခန်း ဆေးရုံကိုသွားရောက်ပြသရပါတယ်။
ဒီလို သွားရောက်ပြီး ဆရာဝန်နဲ့ ပြသတဲ့အခါ
ဖြစ်လေ့ဖြစ်ထရှိတဲ့
အမှားတွေ အထင်လွဲမှုလေးတွေကို ခုဆောင်းပါးမှာ ဖော်ပြပေးသွားပါမယ်💡💡
၁.
တန်းစီပါ အလှည့်မကျော်ပါနဲ့
လူတိုင်းက မြန်ဆန်တာကိုသဘောကျပါတယ်။ ခဏလောက်ဖြစ်ဖြစ်စောင့်ဆိုင်းလိုက်ရပြီဆိုရင်
သိပ်စိတ်မရှည်ချင်ကြပါဘူး။
ဒါပေမဲ့ ဆေးခန်းဆေးရုံဆိုတာ အမြဲလိုလို လူများနေတဲ့တတ်နေရာတစ်ခုပါ။
သင့်အနေနဲ့
ဆရာဝန်နဲ့စောစောပြသချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းက ဘွတ်ကင်ယူတာပါပဲ။
အမေရိကန် အင်္ဂလန်လိုနိုင်ငံကြီးတွေမှာတောင်ဆေးခန်းတစ်ခါပြဖို့ဆိုရင်ဘွတ်ကင်ယူထားမှပြလို့ရပါတယ်။
![]() |
| source:Google |
၂.
ဘာအတွက်ဆေးခန်း ဆေးရုံလာတယ်ဆိုတာသေချာပြောပြပါ
ပြဿနာအတော်များများရဲ့ အဓိကအရင်းအမြစ်က
ပြောဆိုဆက်ဆံရေးကနေစတာများပါတယ်။
အထူးသဖြင့်
ဆေးခန်းဆေးရုံကောင်တာမှာရှိတဲ့ ဝန်ထမ်းတွေကို လူနာနဲ့ လူနာရှင်များက မချေမငံဆက်ဆံ
တာမျိုးကို
ကြုံဖူးမှာပါ။ တကယ်တော့ ဒီဝန်ထမ်းတွေဟာသင့်ကို ကူညီဖို့ အသင့်ရှိနေကြတာပါ။ သင့်အနေနဲ့
သင့်လိုချင်တာကို
သေချာမပြောပြပဲ မချေမငံဆက်ဆံမိရင် သူတို့ရဲ့အကူအညီကိုရဖို့ ခဲယဥ်းသွားပါလိမ့်မယ်။
![]() |
| source:Google |
နေမကောင်းတဲ့အခါမျိုးမှာ ဘယ်သူမှစကားမပြောချင်ပါဘူး။
ဒါဟာဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမဲ့
ဆရာဝန်နဲ့ပြသတဲ့အခါမျိုးမှာ
အခက်အခဲဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ဆရာဝန်ကို သေချာမပြောပြဘူးဆိုရင်
ဆေးကုသတဲ့နေရာမှာ
ဆရာဝန်အတွက် ခက်ခဲနိုင်ပါတယ်။ ဆရာဝန်တွေဆိုတာ သင်ပြောတဲ့စကားပေါ်
မူတည်ပြီး
ကုသမှုတွေကိုပြုလုပ်ရတာဖြစ်ပါတယ်။ ဒါကြောင့် သင်တကယ်ဖြစ်နေတာတွေကို ဆရာဝန်ကို
သေချာပြောပြဖို့လိုပါတယ်။
![]() |
| source:Google |
တချို့ဆရာဝန်တွေက စကားကိုတစ်ခွန်းနှစ်ခွန်းလောက်ပဲပြောပြီး
တချို့ကျတော့လည်းခရားရေ
လွတ်မေးနေ
ပြောနေမေးနေတာတွေကို သင့်အနေနဲ့ကြုံဖူးမှာပါ။ တကယ်လို့ဆရာဝန်တွေကသင့်ကိုမေးခွန်း
တွေ
ခပ်စိတ်စိတ်မေးနေပြီဆိုရင် သူတို့ရဲ့ဆေးကုသမှုအတွက်စဥ်းစားဆုံးဖြတ်ဖို့လိုနေလို့ဖြစ်ပါတယ်။
ဒါပေမဲ့
လည်း
တချို့သောပုဂ္ဂိုလ်ရေးအလွန်ဆန်တဲ့မေးခွန်းတွေမေးလာရင်တော့ သင့်အနေနဲ့ ဘာအတွက်မေးတာလဲ
ဆိုတာ
ဆရာဝန်ကို ပြန်လည်မေးပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် မေးခွန်းများများမေးတဲ့ ဆရာဝန်နဲ့တွေ့ရင်
မငြိုငြင်လိုက်ပါနဲ့။
သင့်ကိုကူညီဖို့အတွက်ဖြစ်ပါတယ်။
![]() |
| source:Google |
၅.
မရှင်းရင် သေချာပြန်မေးပါ
မြန်မာလူမျိုးအများစုက မေးခွန်းမေးရမှာအားနာတတ်ကြပါတယ်။
အထူးသဖြင့် ဆေးရုံမှာ အထူးကု
ဆရာဝန်များကို
မေးခွန်းမေးဖို့ လက်တွန့်နေတတ်ကြပါတယ်။ ရှင်းပြလို့နားမလည်လည်းနားလည်ချင်ယောင်
ဆောင်ပြီး
မမေးကြတော့ပါဘူး။ ဒါဟာမလုပ်သင့်တဲ့ အရာပါ။ သင်ကနားမလည်လို့ ဆရာဝန်ကိုပြန်မေးမှ
သင်တကယ်နားမလည်သေးကြောင်း
သူကသဘောပေါက်မှာဖြစ်ပါတယ်။ တကယ်လို့နားမလည်တာကို
မေးဖို့အားနာလိုက်ရင်
တကယ်နစ်နာသူကသင်ပဲဖြစ်ပါတယ်။ လူနာတွေအနေနဲ့ နားမလည်တဲ့အပိုင်းက
ရောဂါနဲ့ပတ်သက်တဲ့
အကြောင်းအရာတွေ နောက်ဆက်တွဲရလဒ်တွေ ဆေးသောက်ရမဲ့ အကြိမ်ရေတွေ
ရက်ချိန်းပြန်ပြဖို့
စတဲ့အရာတွေဖြစ်နေတတ်ပါတယ်။
![]() |
| source:Google |
၆.
ဆရာဝန်ကပို၍ဦးဆောင်ပါစေ
ကိုယ်နားမလည် မတတ်ကျွမ်းတဲ့အရာဆိုရင် နားလည်တတ်ကျွမ်းတဲ့သူကို
အကူအညီတောင်းရတာ
ထုံးစံပါပဲ။
ဒီအချက်ကို ဆေးခန်းဆေးရုံပြတဲ့အခါမှာ သင့်အနေနဲ့သေချာလိုက်နာဖို့လိုပါတယ်။ ခုခေတ်လို
အင်တာနက်အလွယ်တကူသုံးလို့ရတဲ့အချိန်မှာ
ဂူဂဲလ်ကနေသင်ရှာဖွေထားတဲ့ အချက်အလက်တွေနဲ့ဆရာဝန်
ကို
မငြင်းခုံပါနဲ့။ ဂူဂဲလ်ကအကြောင်းအရာအများစုက သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေကိုစုစည်းတင်ပြ
ထားတာများပါတယ်။
ဆရာဝန်တွေဆိုတာ ဆေးပညာနဲ့အသက်မွေးနေတဲ့သူများဖြစ်လို့ဒီအချက်အလက်တွေ
ကို
သူတို့သိပြီးသားဖြစ်ပါတယ်(academic နဲ့ general ကွာခြားတာကိုပြောချင်တာပါ)။ အကယ်လို့သင့်အနေ
နဲ့
မေးချင်တယ်ဆိုရင် ဆရာဝန်ကအားလုံးရှင်းပြပြီးတာကိုစောင့်ပြီးမှ မေးဖို့လိုပါတယ်။
![]() |
| source:Google |
၇.
စည်းကမ်းများကိုလိုက်နာပါ
ဆေးခန်းဆေးရုံဆိုတာ တချို့သောမမြင်သင့်မမြင်အပ်တာတွေနဲ့ရှိနေတတ်ပါတယ်။
ပြောရရင်
privacy ကိုအလေးထားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဓါတ်ပုံ ဗီဒီယိုရိုက်ကူးတာကို
တားမြစ်
ထားပါတယ်။
အကယ်လို့ သင်အနေနဲ့ ရိုက်ကူးဖို့လိုအပ်တယ်ဆိုရင် ဝန်ထမ်းများကိုခွင့်တောင်းဖို့လိုပါတယ်။
ခွင့်ပြုချက်မယူပဲရိုက်ကူးမိရင်
ဥပဒေအရ အရေးယူပြီးပြစ်ဒဏ်ကျခံရနိုင်ပါတယ်။ ဒါကြောင့် ဆေးခန်းဆေးရုံ
မှာမလိုအပ်ပဲ
အပျော်တမ်း ဓါတ်ပုံ ဗီဒီယိုရိုက်ကူးတာကိုမလုပ်ပါနဲ့။
![]() |
| source:Google |
ဒေါက်တာလင်း
အထွေထွေရောဂါကုဆရာဝန်
*ဒီဆောင်းပါးဟာသင်ကိုယ်တိုင်နဲ့ အခြားသူတွေအတွက် အကျိုးရှိတယ်ဆိုရင်
လွတ်လပ်စွာမျှဝေလို့ရပါတယ်*







No comments:
Post a Comment