ကိုဗစ်ဖြစ်တာခုဆိုမြန်မာပြည်မှာ လူပေါင်း၅၀၀၀ကျော်ရှိသွားပြီ။ ပြန်ကောင်းတဲ့သူလည်းရှိသလို ကိုဗစ်ကြောင့်အသက်ဆုံးပါးသွားတဲ့လူနာတွေလည်းရှိပါတယ်။ ဒီကြားထဲကိုဗစ်ကိုအကြောင်းပြပြီး ပြည်သူလူထုအပေါ်ကိုအမြတ်ထုတ်ချင်နေတဲ့ လူတွေလည်းရှိပါတယ်။ မကြာသေးခင်က facebook ပေါ်မှာကိုဗစ်ကာကွယ်ဆေး၊ ဒီဆေးတွေသောက်ရင်ကိုဗစ်ကိုကာကွယ်နိုင်တယ်စသဖြင့်ရေးသားပြောဆိုမှုတွေရှိလာတာကိုတွေ့ရတယ်။ အထူးသဖြင့် supplements လို့ခေါ်တဲ့ ဖြည့်စွက်စာတွေကိုသောက်ထားရင်ကိုဗစ်ကိုကာကွယ်နိုင်တယ်ဆိုပြီးပြောဆိုနေကြတာတွေ့ရတော့ သတိလက်လွတ်မဖြစ်စေချင်လို့ဒီစာကိုရေးရခြင်းဖြစ်တယ်။ လူပြောများနေတဲ့ supplements တွေနဲ့ကိုဗစ်ကဘယ်လိုဆက်စပ်မှုရှိလည်းဆိုတာ ဆက်ကြည့်ရအောင်။
More Healthy, More Happy
မင်္ဂလာပါ။ ကျွန်တော့်ရဲ့ personal and health blog ကနေကြိုဆိုပါတယ်။ ဒီဘလော့ကနေ ကျန်းမာရေးနဲ့ဆိုင်တဲ့ ဆောင်းပါးတွေအပြင် အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကိုလည်း တင်ဆက်ပေးသွားပါမယ်။
Monday, September 21, 2020
ကိုဗစ်နှင့် ဖြည့်စွက်စာများ
Zinc(ဇင့်ဓါတ်)
Zinc ဆိုတာ သတ္တုဓါတ်တစ်မျိုးပါ။ လူ့ကိုယ်ခန္ဓာမှာ အရေးကြီးတဲ့သက်စောင့်ဓါတ်တစ်မျိုးထဲမှာပါပါတယ်။ အသား၊ ပင်လယ်စာ၊ ဥအမျိုးမျိုးနဲ့ ကောက်နှံတွေကိုနေ့စဥ်စားသုံးပေးရင်တစ်နေ့တာအတွက်လုံလောက်တဲ့ပမာဏကိုရရှိနိုင်ပါတယ်။ zinc ကိုနေ့စဥ် 8-11mg လောက်ပဲကိုယ်ခန္ဓာကလိုအပ်ပါတယ်။ Zinc ဟာ လူ့ကိုယ်ခံအားအတွက်လိုအပ်တဲ့သွေးဆဲလ်တွေကိုထုတ်လုပ်ရာမှာလိုအပ်ပါတယ်။ ပြီးတော့ zinc ကိုကလေးတွေဝမ်းပျက်ဝမ်းလျောတာ၊ အမျိုးသားတွေသုတ်ထုတ်လုပ်မှုပိုအားကောင်းအောင်ကုသရာမှာလည်းသုံးပါသေးတယ်။ ဒီလိုအရေးပါတဲ့ ဇင့်ဓါတ်ကို ကိုဗစ်ကုသရာမှာအသုံးဝင်နိုင်သလားဆိုတာ အတိအကျမပြောနိုင်သေးပဲ ထည့်သွင်းစဥ်းစားနေကြစဲဖြစ်ပါတယ်။
Tuesday, January 21, 2020
လေဖြတ်ရောဂါကာကွယ်ဆေးဆိုတာတကယ်ရှိလား
မြန်မာပြည်မှာ ဆေးကျောင်းပြီးကာစ ဆေးခန်းစဖွင့်တော့ဆေးခန်းကို လူနာတချို့လေဖြတ်ကာကွယ်ဆေးထိုးချင်လို့ဆိုပြီးလာပြကြတယ်။ ကျောင်းပြီးကာစဆရာဝန်ပေါက်စတစ်ယောက်အတွက် စိန်ခေါ်မှုတစ်ခုလို့ပြောရမယ်။ ဘာလို့ဆို ကျောင်းမှာတုန်းကဆရာတွေသင်ပေးလိုက်တဲ့အထဲ လေဖြတ်ကာကွယ်ဆေးဆိုပြီးတစ်ခါမှမကြားဖူးတာကိုး။ အဲ့တော့ လေဖြတ်ကာကွယ်ဆေးဆိုတာမရှိဘူးဆိုပြီးလူနာနဲ့အပြိုင်ငြင်းလို့ကလည်းမဖြစ်ပြန်ဘူး။ ရှိပါတယ်ဆိုပြီး ကိုယ်ကထိုးပေးလိုက်ပြန်ရင်လည်း လူနာကိုလိမ်ပြီးသမားကျင့်ဝတ်ကိုဖောက်ဖျက်ရာရောက်အုံးမယ်။ ဆိုတော့ မြန်မာလူမျိုးတွေပြောနေတဲ့လေဖြတ်တယ်ဆိုတာ ဆေးသိပ္ပံပညာကဘယ်လိုပြောထားလဲ လေဖြတ်ရင်ဘယ်လိုလက္ခဏာတွေဖြစ်တတ်လဲ လေဖြတ်ရင်ဘယ်လိုကုသလို့ရလဲ လေမဖြတ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာကို ဒီဆောင်းပါးမှာဖော်ပြပေးသွားပါမယ်။
လေဖြတ်တယ်ဆိုတာ ဦးနှောက်ထဲမှာရှိတဲ့ တစ်ခု သို့မဟုတ်တစ်ခုထက်ပိုတဲ့သွေးကြောတွေပိတ်သွားတဲ့အခါ သို့မဟုတ် ပေါက်သွားတဲ့အခါမှာဖြစ်ပေါ်လာတဲ့ရောဂါတစ်ခုပါ။ အောက်စီဂျင်ကို အင်မတန်မှလိုအပ်တဲ့ဦးနှောက်ဆဲလ်တွေက သွေးကြောတွေပိတ်သွား ပေါက်သွားတဲ့အခါလုံလောက်တဲ့အောက်စီဂျင်ထောက်ပံ့မှုကိုမရတော့ပဲ မိနစ်ပိုင်းအတွင်းမှာတင်သေဆုံးသွားကြပါတယ်။ အဲ့အခါမှာအာရုံကြောတွေတုံ့ဆိုင်းပြီးလက်ခြေတွေလှုပ်မရတော့တာ၊ ပါးစပ်ရွဲ့လာတာ၊ မျက်စိတစ်ဖက်ပိတ်ဖွင့်လုပ်မရတာ၊ သတိလစ်တာ စတာတွေဖြစ်လာပါတယ်။
![]() |
| source:Google |
Sunday, January 19, 2020
သွေးချိုဆီးချိုကျဆေးများအကြောင်းသိကောင်းစရာ
သွေးတိုးဆီးချိုရောဂါဆိုတာ
ခေတ်ပေါ်ရောဂါတစ်ခုလို့တောင်ပြောလို့ရပါတယ်။ ယနေ့ကမ္ဘာပေါ်မှာသွေးချိုဆီးချိုရောဂါကြောင့်သေဆုံးသူလူဦးရေ
နှစ်စဥ် ၄သန်းခန့်ရှိတယ်လို့ ဥရောပနှလုံးကျန်းမာရေးအဖွဲ့ကြီး(ESC)က ၂၀၁၉ခုနှစ်မှာထုတ်ပြန်ထားပါတယ်။ ဒါဟာအသက် ၆၀နှစ်အောက်သေဆုံးသူများစာရင်းပဲရှိပါသေးတယ်။
မြန်မာပြည်မှာလည်း သွေးချိုဆီးချိုရောဂါဖြစ်ပွားသူဦးရေဟာ နှစ်စဥ်နဲ့အမျှ တိုးလာနေပါတယ်။
သွေးချိုဆီးချိုရောဂါဟာမျိုးရိုး၊
အစားအသောက်၊ လူနေမှုဘဝပုံစံ စတာတွေနဲ့ဆက်နွယ်မှုရှိနေပါတယ်။ သွေးချိုဆီးချိုရောဂါဟာ
အမျိုးအစား ၁၊ အမျိုးအစား ၂၊ အမျိုးအစား ၃(အယ်လ်ဇိုင်းမားရောဂါနဲ့ဆက်စပ်မှုရှိပါတယ်) နဲ့
ကိုယ်ဝန်ဆောင်သွေးချိုဆိုပြီး ၄မျိုးရှိရာမှာ အမျိုးအစား ၂ဟာကမ္ဘာပေါ်မှာအဖြစ်အများဆုံးလို့ဆိုနိုင်ပါတယ်။ အခုဒီဆောင်းပါးမှာ
အမျိုးအစား ၂ သွေးချိုဆီးချိုရောဂါမှာအသုံးပြုတဲ့ဆေးတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးစတာတွေကို
ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
၁. Biguanides(ဘစ်ဂွားနိုက်အုပ်စု
သွေးချိုဆီးချိုဆေး)
ဒီအုပ်စုမှာ အဓိကပါဝင်တဲ့
ဆေးကတော့ Metformin(မက်ဖော်မင်) လို့လူသိများတဲ့ဆေးပဲဖြစ်ပါတယ်။
ဒီဆေးကို ပြင်သစ်ပန်းအမျိုးအစားတစ်မျိုးဖြစ်တဲ့ French lilac ပန်းကနေထုတ်ဖော်ထားတာပါ။သဘာဝကရတဲ့
မက်ဖော်မင်ဆေးဟာ ယနေ့ထိဆေးသိပ္ပံလောကရဲ့ အကြိုက်ဆုံးဆေးတွေထဲကတစ်ခုဖြစ်နေစဲပါ။ မက်ဖော်မင်ဟာ ကိုယ်တွင်းကအင်ဆူလင်ဟော်မုန်းကို ဆဲလ်တွေပိုအသုံးပြုနိုင်အောင်အားပေးပါသလို အူတွင်း ဂလူးကို့စ်(glucose)စုပ်ယူမှုကိုလည်းအတော်အတန်လျော့ချပေးပါတယ်။ (အင်ဆူလင်အကြောင်းဆက်လက်ဖော်ပြပေးသွားပါမယ်)။ မက်ဖော်မင်ကိုသောက်မယ်ဆို တစ်နေ့ ၁ ကြိမ်(သို့) ၂ကြိမ်ကနေစသောက်လို့ရပါတယ်။ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကတော့
သွေးတွင်းအချိုဓါတ်ကျဆင်းခြင်း(hypoglycaemia)၊ အစာမကြေ
လေပွခြင်း၊ ပျို့အန်ခြင်း၊ ဆေးနဲ့ ဓါတ်မတည့်ခြင်းစတာတွေဖြစ်နိုင်ပါတယ်။
ဒီနေရာမှာတစ်ခုသတိထားရမှာက မက်ဖော်မင်ကြောင့် ကျောက်ကပ်ပျက်စီးတယ်ဆိုတာလုံးဝမှားပါတယ်။
သွေးချိုဆီးချိုဖြစ်တဲ့သက်တမ်းကြာလာခြင်း၊ ဆေးသောက်သုံးမှုပုံစံမမှန်ခြင်းစတာတွေကြောင့်ဖြစ်ပါတယ်(သွေးချိုဆီးချိုဖြစ်တဲ့သက်တမ်းကြာလာတာနဲ့အမျှ
ကျောက်ကပ်အပြင်ကိုယ်တွင်းအင်္ဂါများထိခိုက်ပျက်စီးနှုန်းကလည်းမြင့်တက်လာနိုင်ပါတယ်)
Friday, January 17, 2020
သွေးတိုးကျဆေးများအကြောင်းသိကောင်းစရာ
၂၁ရာစုဟာ ကူးစက်ရောဂါအများစုကိုထိန်းချုပ်လာနိုင်တဲ့ခေတ်လို့တောင်ပြောရပါမယ်။ ကာလဝမ်းရောဂါ ပလိတ်ရောဂါလိုမျိုးကပ်ရောဂါတွေကိုတောင် ဆေးသိပ္ပံပညာကထိန်းချုပ်တားဆီးနိုင်ခဲ့တာဆယ်စုနှစ်အတော်ကြာပါပြီ။ ဒါပေမဲ့ အရာရာဟာတိုးတက်ပြောင်းလဲနေတာနဲ့အမျှ ဖြစ်ပွားတဲ့ရောဂါများဟာလည်း အသွင်ပြောင်းလာခဲ့ပါတယ်။ ယနေ့ခေတ်မှာ ခေတ်ပေါ်ရောဂါလို့တောင်တင်စားလို့ရလာတဲ့မကူးစက်နိုင်သောရောဂါများ(non-communicable diseases)ဟာ လူသားများနဲ့ လူ့အသိုင်းအဝိုင်းကြားမှာနေရာယူလာပါတယ်။ သက်ကြီးပိုင်းလူကြီးတွေ တစ်ယောက်နဲ့တစ်ယောက်တွေ့လို့စကားပြောကြရင် ကိုယ့်မှာ ဘာရောဂါဖြစ်နေပါတယ်လို့ပြောတာက စတိုင်တစ်ခုလိုတောင်ဖြစ်လာပါပြီ။ ဒီလိုမကူးစက်နိုင်တဲ့ရောဂါများထဲမှာ သွေးတိုးရောဂါဟာခေတ်အစားဆုံးရောဂါလို့ပြောရင်မမှားပါဘူး။ ဒါကြောင့်အခုဆောင်းပါးမှာသွေးတိုးရောဂါဖြစ်ရင် သောက်သင့်တဲ့ဆေးဝါးများနဲ့ ဒီဆေးတွေရဲ့ကောင်းကျိုးဆိုးကျိုးများကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဆေးပညာနဲ့အကျွမ်းတဝင်မရှိတဲ့သူများလည်းဖတ်ရအဆင်ပြေအောင် အတတ်နိုင်ဆုံးမြန်မာမှုပြုပြီးရေးသားသွားပါမယ်။
၁. Calciul channel blocker(CCB)
ဒီဆေးကိုအတိုကောက်အနေနဲ့ CCB ကိုတင်စားခေါ်ပါတယ်။ ခန္ဓာကိုယ်တွင်းက ကယ်လ်စီယမ်ဂိတ်လေးတွေကို ပိတ်ပင်တားဆီးခြင်းအားဖြင့် သွေးတိုးရောဂါကိုထိန်းချုပ်ပေးပါတယ်။အဲ့ဒီဂိတ်လေးများဟာနှလုံးနဲ့ သွေးလွှတ်ကြောနံရံမှာရှိပြီး ဒီဆေးကြောင့် သွေးလွှတ်ကြောနံရံတွေကျယ်လာပြီး သွေးတိုးတာကိုသက်သာစေပါတယ်။ ဒီဆေးကိုသောက်မယ်ဆိုရင်များသောအားဖြင့် တစ်ရက်ကို တစ်ကြိမ်ပဲသောက်ဖို့လိုပါတယ်။ ဒီဆေးဟာ သွေးတိုးရောဂါအတွက် ပထမတန်းစားဆေး(first line drug)လို့သတ်မှတ်ရလောက်အောင်အစွမ်းထက်ပါတယ်။သူ့ရဲ့မကောင်းတဲ့အဓိကဘေးထွက်ဆိုးကျိုးကတော့ခြေထောက်တွေဖောတာပဲဖြစ်ပါတယ်(leg oedema)။ ခေါင်းကိုက်တာ ရင်တုန်တာဆေးနဲ့ဓါတ်မတည့်တာစတဲ့ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါသေးတယ်။ ဈေးကွက်ထဲမှာ amlodipine, amlong စတဲ့နာမည်တွေနဲ့ ရရှိနိုင်ပါတယ်။
၁. Calciul channel blocker(CCB)
ဒီဆေးကိုအတိုကောက်အနေနဲ့ CCB ကိုတင်စားခေါ်ပါတယ်။ ခန္ဓာကိုယ်တွင်းက ကယ်လ်စီယမ်ဂိတ်လေးတွေကို ပိတ်ပင်တားဆီးခြင်းအားဖြင့် သွေးတိုးရောဂါကိုထိန်းချုပ်ပေးပါတယ်။အဲ့ဒီဂိတ်လေးများဟာနှလုံးနဲ့ သွေးလွှတ်ကြောနံရံမှာရှိပြီး ဒီဆေးကြောင့် သွေးလွှတ်ကြောနံရံတွေကျယ်လာပြီး သွေးတိုးတာကိုသက်သာစေပါတယ်။ ဒီဆေးကိုသောက်မယ်ဆိုရင်များသောအားဖြင့် တစ်ရက်ကို တစ်ကြိမ်ပဲသောက်ဖို့လိုပါတယ်။ ဒီဆေးဟာ သွေးတိုးရောဂါအတွက် ပထမတန်းစားဆေး(first line drug)လို့သတ်မှတ်ရလောက်အောင်အစွမ်းထက်ပါတယ်။သူ့ရဲ့မကောင်းတဲ့အဓိကဘေးထွက်ဆိုးကျိုးကတော့ခြေထောက်တွေဖောတာပဲဖြစ်ပါတယ်(leg oedema)။ ခေါင်းကိုက်တာ ရင်တုန်တာဆေးနဲ့ဓါတ်မတည့်တာစတဲ့ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါသေးတယ်။ ဈေးကွက်ထဲမှာ amlodipine, amlong စတဲ့နာမည်တွေနဲ့ ရရှိနိုင်ပါတယ်။
![]() |
| source:Google |
Thursday, January 16, 2020
အသည်းကွဲတတ်ဖို့ဆိုတာ...
ဘဝမှာ လူမှန်ရင်အသည်းကွဲဖူးရတယ်။ ဟာ…လူတင်မကဘူး၊ တိရိစ္ဆာန်တွေတောင်အသည်းကွဲတတ်တာ။ ခွေးလေး ကြောင်လေးတွေဆိုသူတို့သခင်သေသွားလို့ အသည်းကွဲနေတာ ဝမ်းနည်းနေတာတွေ့ဖူးမှာပါ။ တချို့ဆိုသေသွားတဲ့ သခင်နားကတောင်မခွာကြဘူး။ တိရိစ္ဆာန်လေးတွေတောင် အသည်းကွဲဖူးတာ ခင်ဗျားကအသည်းမကွဲဖူးဘူးဆိုရအောင် ဘာလားပေါ့။ မကျေနပ်သေးဘူးလား…ထပ်ပြောပြမယ်။ ဘုရားသခင်တောင်အသည်းကွဲဖူးတယ်။
အသည်းကွဲတယ်လို့ပြောတာယေဘုယျဆန်တယ်။ အသည်းကွဲတယ်လို့ပြောလိုက်ရင် ခင်ဗျားမျက်စိထဲအရင်ဆုံးတန်းမြင်တာက သမီးရည်းစားတွေပြတ်သွားလို့အသည်းကွဲတဲ့ကိစ္စမလား။ ကြိုသိနေတယ်လေ…ခင်ဗျားတင်မကဘူး။ လူတိုင်းအဲ့ကိစ္စကိုပဲအရင်ဆုံးပြေးမြင်မှာ…။
![]() |
| source:Google |
Wednesday, January 15, 2020
သင်အကြောဆေး အသားဆေးထိုးဖို့တကယ်လိုအပ်နေပြီလား
![]() |
| source:Google |
ကျွန်တော်တို့မြန်မာလူမျိုးများ ဆေးရုံဆေးခန်းသွားပြကြရင် အကြောဆေး အသားဆေးထိုးခံရမှ ကြိုက်ကြပါတယ်။ မထိုးပေးတဲ့ဆရာဝန်များဆို အထင်အမြင်လွဲတတ်ကြတယ်။ ဆေးထိုးပေးလိုက်ရင် ပျော်လို့ ကျွန်တော်တို့တကယ်ဆေးထိုးခံဖို့လိုအပ်နေပြီလား။ မြန်မာလူမျိုးများ အထူးသဖြင့်ဆေးခန်းသွားပြပြီဆို အကြောင်းရင်းတစ်ခုခုရှိလို့သွားကြတာများပါတယ်။ ရောဂါလက္ခဏာတစ်ခုခုခံစားနေရမှသွားကြလေ့ရှိကြတယ်။
တကယ်တော့အသက်ကြီးလာတာနဲအမျှ မိမိရဲ့ကျန်းမာရေးကို တစ်လ၊ သုံးလ၊ ခြောက်လ စသဖြင့်ပုံမှန်စစ်ဆေးဖို့လိုအပ်ပါတယ်။ ဒီအကြောင်းကို နောက်ပိုင်းစာရေးရင်ပြောပြမယ်။ ကျွန်တော့်ဆီဆေးခန်းလာပြတဲ့ လူနာတွေရှိတယ်။ ခေါင်းကိုက်လို့ မူးလို့ နောက်ကြောထိုးနေလို့ ဇက်ကြောတင်းနေလို့ ခေါင်းအုံနေလို့ ကိုယ်လက်တွေမသယ်ချင်လို့ ရင်ထဲနေလို့မကောင်းလို့ ခြေလက်ထိပ်တွေ ဆတ်ခနဲကျင်သလိုဖြစ်နေလို့ ဗိုက်ထဲနေရတာတစ်မျိုးကြီး စသဖြင့်လာတတ်ကြတယ်။ တစ်ဆက်ထဲမှာပဲ ဆရာရယ် အကြောဆေးမထိုးရတာကြာပြီလေ အဲ့ဒါကြောင့်လာထိုးဆိုတဲ့ လူနာမျိုးလည်းရှိသေးတယ်။ မနက်ဖြန်နယ်ဝေးခရီးသွားမလို့ အားရှိအောင် အားဆေးလာထိုးတာဆိုတဲ့ အဖွဲ့တွေလည်းရှိသေးတယ်။
စပ်ဆေးအကြောင်း တစေ့တစောင်း သိကောင်းစရာ
စပ်ဆေးဆိုတော့ဘာများပြောတာလဲပေါ့။ ငရုတ်သီးပါတဲ့ဆေးများလား၊ သောက်လိုက်ရင်ပါးစပ်ထဲ
စပ်နေတဲ့ဆေးများလား၊ ဗိုက်ထဲပူနေတဲ့ဆေးများလား စသဖြင့်ပေါ့။တကယ်တော့တစ်ခုမှမဟုတ်ပါဘူး။ ဆေးဆိုင်မှာ၊
ကွမ်းယာဆိုင်မှာ နေမကောင်းလို့၊ နှာစေးလို့၊ ချောင်းဆိုးလို့ ဆေးစပ်ပေးပါဆိုပြီး ဝယ်သောက်နေတဲ့ဆေးတွေကို
စပ်ဆေး တနည်းအားဖြင့် ဘာပါမှန်းမသိပဲ အန္တရာယ်များလွန်းတဲ့ဆေးတွေဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ ဆေးဝါး
ထိန်းချုပ်မှုကို ထိရောက်တွင်ကျယ်စွာမလုပ်နိုင်သေးတာရယ် ပြည်သူများကျန်းမာရေးအသိ အားနည်းနေသေးတာရယ်ကြောင့် စပ်ဆေးများရောင်းချခြင်းကအလွန်လွယ်ကူစွာအလုပ်ဖြစ်နေ ပါတယ်။
နိုင်ငံတကာမှာအထူးသဖြင့်ဖွံဖြိုးပြီးတိုင်းပြည်များမှာစပ်ဆေးရယ်လို့အလွန်ရှားပါးလှပါတယ်။ သာမန်လူများဝယ်ယူနိုင်သောဆေး(over the counter drugs,OTC) နဲ့ ဆေးစာပါမှဝယ်လို့ရတဲ့ ဆေး(prescription only drugs)ဆိုပြီး ၂မျိုးရှိပါတယ်။ ဥပမာ-ဖျားနေလို့ ဆေးဝယ်ချင်တယ် ဘာဆေးဝယ်လို့ရမလဲ။ paracetamol ဝယ်လို့ရပါတယ်။ ချောင်းဆိုးနေလို့ကိုယ်တိုင်ဝယ်လို့ရလား။ချောင်းဆိုးပျောက်ဆေးကိုယ်တိုင်ဝယ်လို့ရပါတယ်။ ဒီဆေးတွေဟာ အပေါ်မှာပြောခဲ့တဲ့ OTC အမျိုးအစားထဲမှာပါပါတယ်။ လည်ချောင်းနာနေလို့ ပိုးသတ်ဆေးသောက်မယ်။ ဒါဆို ဆေးစာ(prescription) ပါမှဝယ်လို့ရတော့မယ်။ ဒါဆိုဘာလုပ်မလဲ။ ဆရာဝန်နဲ့ပြဖို့လိုလာပြီ။ ကိုယ့်သဘောနဲ့ ဆေးဆိုင်မှာဝယ်လို့မရပါဘူး။ ဆေးဆိုင်ကလည်း ဆရာဝန်ရေးပေးတဲ့ဆေးစာမပါရင် မရောင်းပါဘူး။ ရောင်းခဲ့ရင် အဖမ်းခံရပါတယ်။ အလားတူအဖြစ်မျိုး စာရေးသူ ကိုရီးယားရောက်ခဲ့စဉ်ကကြုံခဲ့ဖူးပါတယ်။
![]() |
| source:Google |
Subscribe to:
Posts (Atom)






